top of page

ကောလိပ်ဝင်ခွင့် အက်ဆေးရေးနည်း ဟောပြောပွဲ

သည်တစ်ပတ် တနင်္ဂနွေနေ့က SPEC Talk အမှတ်စဉ် (၅) ကို အွန်လိုင်းကနေ လုပ်ဖြစ်ခဲ့တယ်။ ဟောပြောဖြစ်ခဲ့တဲ့ ခေါင်းစဉ်ကတော့ 'How to write a winnning College Admission Essay?' တဲ့။

ပထမဦးဆုံး ဟောပြောပွဲကို လာတက်တဲ့ ကျောင်းသားမိဘတွေ၊ ကျောင်းသား၊ ကျောင်းသူတွေနဲ့ တစ်ဦးချင်း မိတ်ဆက်ပြီး သူတို့အကြောင်းလေးတွေကို မေးမြန်းလို့ မှတ်စုစာအုပ်လေးထဲမှာ ချရေးထားခဲ့လိုက်တယ်။ သည်တစ်ခေါက် လာတက်တဲ့ ပရိသတ်က အမေရိကားမှာ ကျောင်းတက်ဖို့ အမှန်တကယ်ကို စိတ်ဝင်စားပြီး သူတို့ကိုယ်တိုင်လည်း သက်ဆိုင်ရာ သတင်းအချက်အလက်တွေကို စုဆောင်းပြီးသား ဖြစ်နေခဲ့ကြတယ်။

ပရိသတ်ရဲ့ အနေအထားကို သုံးသပ်ပြီးတာနဲ့ သည်နေ့ ဟောပြောပွဲရဲ့ ရည်ရွယ်ချက်နဲ့ ပါဝင်ဆွေးနွေးပေးသွားမယ့် အကြောင်းအရာတွေကို ရှင်းပြပေးခဲ့လိုက်တယ်။ အဲသည့်နောက် ကောလိပ်ဝင်ခွင့် အက်ဆေးတစ်ပုဒ်ရဲ့ အရေးပါမှုအကြောင်းကို စတင်ဆွေးနွေးခဲ့ပါတယ်။

ကြားထဲမှာ ပရိသတ်ထဲက တစ်ချို့သူတွေအတွက် အသုံးဝင်မယ့် အကြောင်းအရာလေးတွေကို အခါအားလျော်စွာ ဖြည့်စွက်ဆွေးနွေးပေးခဲ့တဲ့အပြင် စကောလားရှစ် အပြည့်ရသွားပြီး လက်ရှိ တက္ကသိုလ်တွေမှာ တက်ရောက်နေကြတဲ့ ချစ်တပည့်တွေရဲ့ အက်ဆေးလေးတွေကို သေသေချာချာ ဆန်းစစ်ဝေဖန်ပြီး ရှင်းပြပေးခဲ့ပါတယ်။

အက်ဆေးလေးတွေကို ဖတ်ပြပေးရာမှာ အက်ဆေးကောင်းတစ်ပုဒ်ရဲ့ အင်္ဂါရပ်တွေက ဘာလဲဆိုတာကို အပိုင်း (၅) ပိုင်းခွဲပြီး ရှင်းပြပေးခဲ့တဲ့အတွက် ပရိသတ်အနေနဲ့လည်း ကျွန်တော်ဆိုလိုချင်တာကို ကောင်းကောင်းနားလည်သဘောပေါက်ခဲ့ကြတယ်လို့ စိတ်ချယုံကြည်ခဲ့ပါတယ်။ အဲသည့်နောက်မှာတော့ ပရိသတ်ထဲက သိချင်တဲ့မေးခွန်းလေးတွေကို ဖြေပေးဖို့ Q&A လေး လုပ်ပေးဖြစ်ခဲ့ပါတယ်။

သည်နေ့ပွဲကို လာတက်ကြသူတွေထဲမှာ လက်ရှိ ကျောင်းသား၊ ကျောင်းသူလေးတွေကို လမ်းညွှန်သင်ကြားပြသပေးနေတဲ့ ဆရာမတစ်ချို့ ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ အဆင့် (၄) ရထားခဲ့ပြီး လူရည်ချွန် သုံးထပ်ကွမ်းရထားတဲ့ ကျောင်းသားလေးလည်းပါတယ်။ ဒါ့အပြင် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားလေးတွေလည်း ပါသလို မာစတာတန်းဆက်တက်ဖို့ စိုင်းပြင်းနေတဲ့ ကျောင်းသူလေးလည်း ပါတယ်။ လက်ရှိ International School မှာ ၁၀ တန်းတက်ရောက်နေတဲ့ ကျောင်းသူလေးရဲ့မိဘ၊ ကိုယ့်ကလေးအတွက် ဗဟုသုတရအောင်ဆိုပြီး လာနားထောင်တဲ့ ကျောင်းသားမိဘတွေလည်း ပါခဲ့တာမို့ ဟောပြောပွဲလာ ပရိသတ်လေးက အရောင်အသွေးစုံလင်ခဲ့ပါတယ်။

ဟောပြောပွဲလေးပြီးသွားတော့ SPEC Myanmar က တည်ခင်းဧည့်ခံတဲ့ ကော်ဖီနဲ့ မုန့်လေးတွေကို စားကြ၊ အမှတ်တရ ဓာတ်ပုံစုရိုက်ခဲ့ကြတယ်။ အင်တာနက်လိုင်း အဆင်မပြေလို့ ဟောပြောနေရင်း တစ်ခါတရံ လိုင်းပြတ်သွားတာကလွဲရင် ကျန်တာအားလုံး အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ပြီးဆုံးခဲ့ပါတယ်။

ပွဲပြီးသွားတော့ ကျောင်းသားမိဘတစ်ချို့က ကျွှန်တော့်ဆီကို သီးသန့်စာလေးတွေ ပို့ပြီး ကျေးဇူးတင်ကြောင်း ပြောကြတဲ့ စာတိုလေးတွေကို ဖတ်ရှုရင်း နောက်နောင် ဆက်လက်ပြုလုပ်ပေးသွားမယ့် ပညာရေးဆိုင်ရာ ဟောပြောပွဲလေးတွေအတွက် အားမာန်ဝင့်လို့ ရဲရင့်ဖြစ်ခဲ့မိပြန်တယ်...

အားလုံးကို ချစ်ခင်လေးစားလျက်

Yan Aung

Believing is Achieving

Success Prep Education Center

🇺🇸 Center I (HQ.) 8710, 51st Avenue, 1S & 1R Elmhurst, NY 11373. ☎️ + (1) 347 642 8393

🇺🇸 Center II 59 Lake Street Brooklyn, NY 11223. ☎️ + (1) 626 464 3058

🇲🇲 Center III SPEC MYANMAR 133, Mill Road, Suite 602 Mingalar Taung Nyunt, Yangon MYANMAR. ☎️ + (95) 9 898 808 869

 

Success Prep Education Center

(347) 612-4561

Center I: 8829 51st Avenue 1A Elmhurst NY 11373

Center II: 1766 Cropsey Ave Brooklyn, NY 11214

Center III: 183 W El Repetto Dr Monterey Park, CA 91754

  • facebook
  • Youtube
  • instagram

©2023 by Success Prep Education Center

bottom of page